နတ်ဘုရားမ လို့ တင်စားခြင်းခံရတဲ့ fighter ကြမ်းကြီး
Freya အကြောင်း လာပါပြီဗျ....
#Background
Nost Gal ကျွန်း (Franco တို့ Bane တို့ရှိတဲ့နေရာ) ရဲ့ မြောက်ဘက် ခပ်ဝေးဝေးနေရာ.... အဲ့နေရာကိုရောက်ရင် ပုံပြင် တစ်ပုဒ်ကြားရလိမ့်မယ်... Warrior (စစ်တိုက်ရာတွင် ထူးချွန်သူ) တစ်ယောက် စစ်မြေပြင်မှာ အသက်ပေးသွားရင် နတ်ဘုရားမ Freya ဟာ ကောင်းကင်ဘုံက ဆင်းလာပြီး အသက်ပေး ကျရှုံးသွားတဲ့ Warrior ရဲ့ ဝိညာဉ်ကို အနမ်းပေး လိမ့်မယ် တဲ့ (😱 အလန်းဟ ပုံပြင်လေးက 😝) ပြီးတော့ သူရဲကောင်းတွေစုဝေးရာ ဘုံကျောင်းကို ခေါ်သွားလိမ့်မယ်တဲ့.. အဲ့ဒီဘုံကျောင်းမှာ ဘဝသစ်ကိုရနိုင်သတဲ့.... Freya ဟာ စစ်ရေးပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်တဲ့ စစ်သူကြီး တစ်ယောက်ဖြစ်တယ်... သူမဟာ သူမရဲ့ ဓားရှည်နဲ့ ဒိုင်းကို သုံးပြီး တိုက်လည်းတိုက်ခိုက်နိုင်သလို ကာလည်း ကာကွယ် နိုင်ပါတယ်... ပြီးတော့ စစ်ပွဲထဲချက်ချင်းဆိုသလို ခုန်ဝင်နိုင်ပြီး သူမရဲ့ဓားကို ပုဆိန်သွားတပ်ထားတဲ့ လှံရှည်အဖြစ်ပြောင်းပြီး ရန်သူတွေကို ခပ်လှမ်းလှမ်းကတောင် ချေမှုန်းနိုင်စွမ်းရှိပါတယ်...
(သူ့ရဲ့ Ult ကို ပြောတာနေမှာ.... Freya BG က အဲ့လောက်ပါပဲ)
#Attributes
Movement Speed. >260
Physical Attack. >109
Magic Power. >0
Armor. >22
Magic Resistance. >10
HP. >2801
Mana. >462
Attack Speed. >1.095
HP Regen. >49
Mana Regen. >10
Basic Attack Crit Rate. >0
Ability Crit Rate. >0
#Skills 👏👏👏
Passive (Spirit Contact)
နှစ်ချက် ခုတ်ပြီးတိုင်း shield တစ်ခု Freya ရဲ့ ပတ်ပတ်လည် မှာ ပေါ်လာမှာပါ... သုံးချက်ခုတ်ပြီးသွားရင်တော့ ပတ်ပတ်လည် မှာရှိတဲ့ shield ဟာ ရန်သူနဲ့ထိရင် damage ထိပါတယ်...
အဲ့ဒီ shield damage ဟာ minions အတွေအပေါ် သက်ရောက်မှု မရှိပါဘူး....
Skill 1 (Wings of Faith)
ကိုယ်ချိန်ထားတဲ့ area ကိုခုန်အုပ်တာပါ.. physical damage 240 ထိမှာဖြစ်ပြီး ခုန်အုပ်ခံရတဲ့ ရန်သူတွေဟာ area ရဲ့ အလယ်ကို စုဝင်လာကြမှာပါ...
Cooldown 10 စက္ကန့်ရှိပါတယ်...
Skill 2 (Godspeed Strike)
သုံးလိုက်တာနဲ့ အဝါရောင်အလုံးသုံးလုံး freya ရဲ့ ပတ်ပတ်လည်မှာ ပေါ်လာပါလိမ့်မယ်... အဲ့သုံးလုံး ဒီskill သုံးပြိး နောက်ခုတ်မယ့် သုံးချက်ကို ကိုယ်စားပြုပါတယ်... အဲ့ဒီသုံးချက်ရဲ့ attack speed ကိုမြန်စေပြီး 5စက္ကန့်ကြာပါလိမ့်မယ်... သုံးချက်မြောက် ခုတ်ချက်က ရန်သူကို stun ထိစေပြီး ထိတဲ့ရန်သူရဲ့ အနီး အနောက်ဘက်က ရန်သူတွေကိုပါ stun စေပါတယ်... physical damage 180 ထိပါတယ်...
Cooldown က 7.5 စက္ကန့်ပါ...
Ultimate Skill (Valkyrie)
အဲ့စကေးသုံးလိုက်တဲ့ အချိန်မှာတော့ Target ရန်သူနဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ ရန်သူတွေကိုပါ physical damage 360 ထိမှာဖြစ်ပြီး နှေးသွားစေပါလိမ့်မယ်.. Physical attack ကို 20 ပေါင်းပေးမှာ ဖြစ်ပြီး armor နဲ့ magic resistance ကို 15 စီပေါင်းပေး မှာပါ..
Cooldown 34 စက္ကန့်ရှိပါတယ်...
ကဲ... Fighter ကြမ်းကြီး Freya ကို ဝယ်ထားတဲ့သူ ဘယ်နှယောက်ရှိလဲဗျို့... Freya က stun ပါတဲ့အတွက် early ရော late game မှာပါ တော်တော်ကြမ်းပါတယ်... Alucard လို early game jugle ချည်းဝင်ဖို့ မလိုပါဘူး... အခြေအနေကြည့်ပြီး လိုက်သတ်လို့ရတဲ့ hero ပါ...
Battle spell..... purify က သူမနဲ့အသင့်တော်ဆုံးပါပဲ... ကျန်တာတွေက အဆင်ပြေမယ်ထင်ရင် သုံးပေါ့ဗျာ...
Comments
Post a Comment