Lapu-Lapu (Fighter/Assassin) တစ်ချို့တွေပြောတယ်... အရမ်းပျော့တယ်တဲ့... ပျော့မှာပေါ့... Assassin လေ... Alucard လိုမျိုး Role နဲ့လေ... ကွာတာက Alucard က ယှဉ်ခုတ်တဲ့ Hero... Lapu က Skill တွေနဲ့ ကြမ်းတဲ့ Hero ဗျ... ယှဉ်ခုတ်ရင်တော့ ကြွမှာပဲ... သူ့အကြောင်းကိုတော့ သေသေချာချာလေး Battle ဝင်ပုံကအစ ရေးပေးလိုက်ပါတယ်... ကြည့်လိုက်ရအောင်...
#Background
လျို့ဝှက်ဆန်းကြယ်တဲ့ ရေများဟာ တောင်ဘက်မှာရှိတဲ့ Land of Dawn ရဲ့ ကျွန်းကြီး ကျွန်းငယ်အသွယ်သွယ်ကို ဖြတ်သန်းစီးဆင်းနေပါတယ်... အဲ့ဒီနေရာတွေမှာ မြေသြဇာ အရမ်းကောင်းပြီး ရာသီဥတုကလည်း အမြဲမှန်တယ်... အသီးနှံ တွေဖြစ်ထွန်းပြီး စားစရာတွေဆိုတာလည်း စားလို့မကုန်အောင် ပိုလျှံများပြားလှပါတယ်... လူတွေဟာ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နေကြပါတယ်... ဒါပေမယ့် တစ်နေ့မှာတော့ (ဇာတ်လမ်း စတော့မယ် 😒) လူတစ်စုဟာ အေးချမ်းငြိမ်သက်နေတဲ့ အဲ့ဒီကျွန်း ပေါ်ကို ကျူးကျော်ဝင်ရောက်လာပြီး ကျွန်းသား (အဲ့ကျွန်းမှာနေထိုင်တဲ့လူ)တွေရဲ့ ပျော်ရွှင်မှုကို ဖျက်စီးပါတော့တယ်... Makadan(ကျွန်းရဲ့နာမည်) ကျွန်းရဲ့ ခေါင်းဆောင်ဖြစ်သူ Lapu-Lapu(တော်တော်ခေါ်လို့ မြိန်တဲ့ နာမယ် လပု လပု တဲ့ 😁) ဟာ လူတွေမှာ ကျေးကျွန် ထားဖို့ ငြင်းဆိုခဲ့တယ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့တယ် (ကျွန်စနစ်ကို အားမပေးဘူးပေါ့ဗျာ) ကျူးကျော်ဝင်ရောက် လာတဲ့ ရန်သူတွေမှာ သံမဏီ လှံ ရှိတယ်... ငါတို့မှာ ရဲ့ရင့်တဲ့ နှလုံးသားရှိတယ် လို့ ကြွေးကြော်ခဲ့တယ်... Lapu-Lapu ဟာ အမြွှာညီနောင်ဓားကို စွဲကိုင်ပြီးနောက် သူရဲ့လူတွေဦးဆောင်ပြီး ကျူးကျော်ဝင်ရောက်သူတွေကို မရေတွက်နိုင်တဲ့ထိ သတ်ဖြတ် ချေမှုန်းခဲ့တယ်.... တိုက်ပွဲမှာ အနိုင်ရခဲ့ပြီး ရန်သူတွေရဲ့ လေးစားခြင်းကို ခံခဲ့ရတယ်... နောက်တစ်ကြိမ်ထပ်ပြီး အေးချမ်းသာယာစွာ နေထိုင်ခဲ့ကြရတယ်... အဲ့ဒီတိုက်ပွဲကြီး ပြီးတဲ့နောက် ကျူးကျော်ဝင်ရောက်လာသူတွေဟာ ''ကျွန်ုပ်တို့ရဲ့ သူရဲကောင်းကြီးရေ... သင်နေတဲ့ ကျွန်းရဲ့ အပြင်ဘက် ကမ္ဘာကြီးမှာ ဘာရှိလဲဆိုတာ သိရဲ့လား '' ဆိုပြီး စကားနားထိုးပါတော့တယ်... Lapu-Lapu ဟာလည်း အပြင်ဘက်ကမ္ဘာရဲ့ကြောင်းကို စိတ်ဝင်စားတာမို့ လေ့လာဖို့ ဆိုပြီး သူရဲ့ အိတ်ကိုလွယ်ကာ ထွက်လာခဲ့ပါတော့တယ်...
#Attributes
Movement Speed. >260
Physical Attack. >119
Magic Power. >0
Armor. >21
Magic Resistance. >10
HP. >2628
Mana. >0
Attack Speed. >1.125
HP Regen. >35
Mana Regen. >16
Basic Attack Crit Rate. >0
Ability Crit Rate. >0
#Skills 👏👏👏
Passive (Hero Faith)
Lapu-Lapu ရဲ့ သွေးတန်းအောက်မှာ အတုံးငါးတုံးတွေ့ပါလိမ့်မယ်.. အဲ့ဒါကို Bravery Blessing လို့ခေါ်ပါတယ်... skill တစ်ခု ရန်သူကိုထိရင် အတုံးတစ်ခု ပြည့်ပါလိမ့်မယ်... အတုံးငါးခုလုံးပြည့်သွားပြီး ခုတ်ရင် basic attack ကို Damage အပိုပေါင်းပေးမှာပါ... (အဲ့ဒီ damage က Critical မထဘူးနော်) ပြီးရင် shield တစ်ခုပေါ်လာ ပါလိမ့်မယ်.. အဲဒီ shield က သွေး 500 ကနေ 1200 ထိ ပေါင်းပေးပါတယ်...( level အလိုက် များလာမှာပါ...)
ဟုတ်ပြီ... Skill 1/2/Ult တွေအတွက် state နှစ်ခု ခွဲထားပါတယ်... Light Sword State နဲ့ Heavy Sword State ပါ... Light Sword State က Ult မသုံးရသေးဘဲ ရှိနေတဲ့ အနေထားပါ... Skill အစိမ်းရောင် လေးတွေပေါ... Ult သုံးလိုက်တာနဲ့ Heavy Sword State ကို ပြောင်းသွားပါလိမ့်မယ်... Skill တွေက အနီရောင်ကို ပြောင်းသွားပါလိမ့်မယ်.... ဆက်ကြည့်လိုက်ရအောင်...
Skill 1 (Justic Blade)
Light Sword State >လက်မှာ ကိုင်ထားတဲ့ ဓားနှစ်ချောင်းနဲ့ ပစ်လွတ်လိုက်တာပါ.. အသွားအပြန်ထိပါတယ်... (NaNa skill 1 လိုပဲပေါ့) ဓားတစ်ချောင်းကို physical damage 120 ထိပါတယ်... (အမှန်ဆို ဓားတစ်ခြမ်း... ဝုတ်ဒေ ကွဲနေတာကို ဓားက)
Heavy Sword State > ဓားကိုထောင်ပြီး မြေပေါ် ပစ်လှိမ့် လိုက်တာပါ... စင်္ကြာအကြီးစားကို မြေပေါ် စိုင်းပစ်လိုက်သလိုပေါ့ လမ်းတစ်ကြောင်းတည်းပစ်တာပါ... physical damage 300 ထိပါတယ်... ရန်သူကိုလည်း နှေးသွားစေပါတယ်..
Cooldown က 11 စက္ကန့်ပါ....
Skill 2 (Brave Stance)
Light Sword State >ဓားနှစ်ချောင်း အဲ့ နှစ်ခြမ်း (ဘိုခေါ်ရမှန်းတောင် မသိတော့ပု) ကိုလက်မှာမွေ့ပြီး တစ်ဟုန်ထိုး ပြေးစိုင်းလိုက်တာပါ... (Tigeral skill 2 လိုမျိုး သူက Filker လိုမြန်တယ်...) စိုင်းလိုက်တဲ့ လမ်းကြောင်းက ရန်သူကို physical damage 100 ထိမှဖြစ်ပြီး (ရန်သူကိုထိရင်) သူရဲ့ movement speed ကို ခဏမြန်သွားစေမှာပါ...
Heavy Sword State >သူကတော့ ခန္ဓာကိုယ်ကို လေပွေလို လှည့်ပြီး ပြေးစိုင်းတာပါ... Light Sword State ထက် ပြေးစိုင်းတဲ့ range တိုပါတယ်... physical damage 250 ထိပါတယ်... အဲ့ဒီ skill သုံးပြီး 5 စက္ကန့်အတွင်း သူ့ရဲ့ physical နဲ့ magic defense ကို 20 စီပေါင်းပေးမှာပါ...
Cooldown 8 စက္ကန့်တည်းပါ...
Ultimate Skill (Chieftain's Rage)
Light Sword State >သူ့ရဲ့ ဓားနှစ်ခြမ်းကို ဓားတစ်ချောင်း တည်းဖြစ်အောင်ပေါင်းပြီး မြေကြီးပေါ် ရိုက်ချလိုက်တာပါ... အစိမ်းရောင်တန်းလေးပေါ်လာပါလိမ့်မယ်... ထိတဲ့ရန်သူတွေဟာ physical damage 400 ထိမှာဖြစ်ပြီး 0.8 စက္ကန့် stun နေပါလိမ့်မယ်... Ult သုံးလိုက်ပြီဆိုတော့ Havey Sword State ကိုရောက်သွားပါပြီ.. 15စက္ကန့်ကြာပါလိမ့်မယ်...
Havey Sword State > သူ့သွေးတန်းအောက်က အတုံးငါးတုံးပြည့်နေပြီဆိုရင်တော့ သူ့ရဲ့ basic attack damage ကို 20% ပေါင်းပေးလိုက်မှာပါ... skill သုံးမယ်ဆိုရင် ဓားကြီးနဲ့ စက်ဝိုင်းပုံတစ်ပတ်လှည့်ခုတ်မှာပါ... physical damage 600 ထိပါတယ်...
Cooldown စက္ကန့် 60 ရှိပါတယ်...
ဆိုတော့ကာ... Skill တွေကို နားမလည်ရင် နောက်တစ်ကြိမ် လောက်ထပ်ကြိုးစားပြီး ဖတ်ကြည့်ပါ... အဲ့ဒါမှ နားမလည်ရင် Cb လာခဲ့ပါ... တတ်နိုင်သလောက် ပြောပြပေးပါမယ်... (Pro မဟုတ်ဘူးနော်... လာ မ blame နဲ့)
အကောင်းဆုံးအကြံပေးချင်တာကတော့ Lapu ကို pick လိုက်ပီဆိုတာနဲ့ fighter လို့ မမြင်ပဲ Assassin လို့ပဲ မြင်ပြီး ဆော့ကြည့်ပါ... သူရဲ့ အဓိကအားသာချက်က skill တွေပါပဲ.. skill နဲ့တင်ကို damage တော်တော်ပေါက်ပါတယ်... ပြီးတော့ သွေးတန်းအောက်က အတုံးတွေ... Aurora နဲ့ကွာခြားချက်က Aurora က kill သုံးပြီဆိုတာနဲ့ အတုံးပြည့်ပြီးသား.. ရန်သူကို ထိထိမထိထိ.. Lapu က skill သုံးရင် ရန်သူHero ကိုထိမှ အတုံးပြည့်ပါတယ်... item တွေကို cooldown လျော့စေတဲ့ item တွေကို ဆက်ပါ.. 40%ထက်တော့ မများစေနဲ့ပေါ.. skill 1 နဲ့ 2 က အရမ်းမြန်တာမို့ battle spell ကို filcker တောင်မလိုပါဘူး... purify ဒါမှမဟုတ် Assult နဲ့ အလုပ်ဖြစ်မှာပါ... ဒါမှမဟုတ် stun ပေါ့...
Battle ဘယ်လိုဝင်မလဲ.... Assassin Role နဲ့ ဆော့မယ်လို့ သတ်မှတ်လိုက်ပြီဆိုရင်တော့ Tank ကို စောင့်ပါ.. သူ့နောက်က လိုက်ဝင်ပါ... အဓိကက Light Sword State က Ult ပါ Stun ပါတာကိုး... အဲ့skill ထွက်တာ နဲနဲကြာတယ်နော်... အဲ့ဒါလေးလည်း မှတ်ထားအုံး... ခြုံထဲဖြစ်ဖြစ် Tank နောက်မှာဖြစ်ဖြစ်နေပေးပါ... battle စပြီဟေ့ဆိုတာနဲ့ skill 1/2 မေ့ထားလိုက်... utl က စသုံးပါ... battle မှာ stun က အရေးကြီးဆုံးပဲ... Havey Sword State ကိုရောက်ပြီနော်.. အတုံးငါးပြည့်နေရင် damage ကလည်းပိုပေါင်းထားသေးတယ်.. Skill 2 နဲ့ ပြေးဝင်... attack နဲ magic defense 20 စီပေါင်းပြီးသား... Ult ထပ်သုံး... လွတ်မယ်ထင်တဲ့ကောင် skill 1 နဲ့ ပစ်သတ်.... အိမ့်... အဲ့ဒါက ကိုယ့်ဘက်က battle သာသွားခဲ့ရင်ပေါ့... မသာဘူးဆိုရင်တော့ skill 2 ကိုပြန်ပြေးဖို့ ချန်ထားပေတော့ 😁 အပြောကတော့ ချောနေတာပဲ... Lapu-Lapu ကို မသုံးဖူးသေးသူများ skill တွေကို နားလည်အောင် လုပ်ပြီး Train ကြပါ... ပိုင်ပြီဆိုမှ Rank ကို သွားကြဗျို့...
Comments
Post a Comment