⚡ EUDORA (Lightning Scrceress) ⚡
Eudora (Background)
မှော်ပညာသည် ကျောင်းသူ တစ်ယောက် ဘဝ အဖြစ် စတင်ခဲ့စဉ်ကတည်းက Eudora ရဲ့ မွေးရာပါ မိုးကြိုးအလား ကြောက်မက်ဖွယ်ရာ မှော်စွမ်းအင်တွေဟာ များစွာသော သူ့ရဲ့ ဆရာတွေကို အံ့အားသင့်စေခဲ့တယ် ( အလွန် သိသိသာသာမဟုတ်စေခဲ့ပေမယ့်လည်းပေါ့ )
သို့ပေမယ့် နှစ်တစ်နှစ်စာလောက် သင်ရိုးတစ်ခု ပြီးဆုံးခဲ့တဲ့အချိန်မှာတင်ပဲ မယုံနိုင်လောက်အောင် သူမဟာ ကျောင်းတော်ကြီးက ပို့ချဖို့ကျန်ရှိနေသေးတဲ့ မှော်စွမ်းအင်ပညာရပ်တွေအားလုံးကိုတောင် ကျွမ်းကျင်စွာ တတ်မြောက်ပြီးစီးနေတာကို မှော်ဆရာတွေအားလုံးဟာ သိသိသာသာ မြင်တွေ့ခဲ့ကြရပြန်ပာတယ်. ဆရာတွေနဲ့တန်းတူ မနိမ့်တဲ့ မှော်စွမ်းအင်တွေ ရှိနေတဲ့သူမအတွက် လေ့လာစေဖို့ရာဆိုတာ ကျောင်းတော်ကြီးမှာ မရှိနိုင်တော့ပါ. ဒါပေမယ့် Eudora ရဲ့ တတ်မြောက်လိုစိတ်တွေဟာတော့ သင်ရိုးညွှန်းတန်းတွေနဲ့အတူ အဆုံးသတ်မသွားခဲ့ပာဘူး. သူမ ဟာ Land of Dawn လို့ အမည်ရတဲ့ သူရဲကောင်းတွေစုဝေးရာအရပ်သို့ အရာအားလုံးကို ဥပေက္ခာပြုကာ သူမရဲ့ ခြေလှမ်းသစ်တစ်ရပ်ကို စတင်ပါတော့တယ်. သူမရဲ့ မှော်စွမ်းအင်တွေဟာ သူရဲကောင်းတွေတည်ရှိရာ မြေမှာတောင် အနှိုင်းမဲ့ ဖြစ်စေရမယ် ဆိုတဲ့ ကြောက်မက်ဖွယ်မှော်ဆရာတစ်ယောက်ရဲ့ ကြွေးကြော် သံတွေနဲ့အတူပေါ့. . .
Role _ Mage
Specially _ Damage/Reap
Intro 2)
Mage hero တွေ ထဲ မှာ တော့ Eudora က Dmg တော်တော် ထွက်တဲ့ Hero ပါ.. maskman လို Hero တကောင် ကို Full item ဆိုရင် .. Spell 3 ကွက်နဲ့ အပျောက် ဖျောက်နိုင်ပါတယ် ..
Eudora ကို Team supp (or) dmg အမြင့် နဲ့ဆော့လို့ရမှာပါ.. enemy လိုက်ဖမ်းတာဖစ်ဖစ် Battle အနောက်ကနေ သွေးလျော့ပေးတာ ဖစ်ဖစ် တော်တော် အသုံးဝင်ပါတယ်.. Yz တို့ Freya တို့ (များသောအားဖြင့် Fighter, assassin) တို့လို ပြေးဝင်လာပီး ကို့ Maskman ကို လုပ်မဲ့ enemy တွေကို stun (skill 2)နဲ့ ကယ်ပေးလို့ရပါတယ်.. ပီးတော့ Tigreal(flicker or skill2) နဲ့ ပြေးဝင်လာပီး စုမဲ့ ကောင်ကို မြန်မြန် stun ပေးချင်းဖြင့် battle သာအောင် လုပ်ပေးလို့ရပါတယ် (မျက်စ်မြန် လက်မြန်ဖို့တော့ အရေးကြီးပါတယ်)
Lane ပေါ်မှာလည်း skill 1 နဲ့ enemy တွေကို သွေးလျော့လို့ရပါတယ်.. Skill 1 area ကိုကြည့်ပီး လျော့ပါ အရမ်းတော့ ရှေ့မတက်ပါနဲ့
Assassin လိုကောင်မျိုးနဲ့ လမ်းထိန်းမယ် ဆိုရင် တော့ တခါတရံ solo lane ထိန်းတက်ရပါတယ် assassin ဆိုတဲ့ သဘောတိုင်း enemy buff ခိုးမယ် လမ်းပတ်ပီး assistance လုပ်မှာပါပဲ အဲ့အချိန်မှာ အဓိက က enemy နဲ့ နီးနီး ကပ်ကပ် မနေသင့်ပါဘူး.. minions တွေကို Free hit ထိုင်မလုပ်ပါနဲ့ အယောင်ပဲ ပြပီး spell ပဲသုံးပါ Tower နားက မခွာပါနဲ့ တခြားလမ်းမှာ Teammate တွေ Tri (သုံးယောက်လမ်းထိန်းသည်) ဆော့နေရင် ကိုတယောက်ပဲ ကျန်ခဲ့တက်တာမျိုးရှိပါတယ်.. အဲ့လို အချိန်ဆို play safe ကစားပါ ကို့လမ်းမှာလည်း enemy မရှိတော့ဘူးဆိုရင်တော့ သိပါ သူတို့လည်း..Gank ပီး Tri လမ်းကို battle ဝင်တော့မှာမို့လို့ ချက်ချင်းလိုက်သွားသင့်ပါတယ် (လိုက်သွားမယ်ဆိုရင်တော့ မြောင်းထဲ က မသွားပါနဲ့ enemy base နဲ့ ကပ်နေတာကြောင့် ကိုသေနိုင်ချေရှိပါတယ်) ကို့ Base jungle ကပဲ သွားပါ
Reap hero ဖစ်တဲ့ အတွက် Finish လို့ကောင်းတာပေါ့..
တခု ရှိတာ က.. solo မနေ ဖို့ပါပဲ Fighter or Tank လို ကောင်နဲ့ လမ်းထိန်းပါ.. Skill 3(ulti) ရရင် တော့ mid lane gank ပေးဖို့ ကြိုးစားပေးပါ..ကို့ mid lane က Maskman ကြမ်းဖို့ အတွက် enemy maskman ကို နှိမ်ထားပေးရမှာပါ.. Spell 3 ကွက်ထဲ နဲ့ နှိမ်ပေးလို့ရပါတယ် ..
_ Basic Attributes _
Movement speed - 2.5
Physical attack - 107
Magic power - 0
Armor - 19
Magic resistance - 10
HP - 2464
Mana - 468
Attack speed - 10
Hp regen - 38
Mana regen - 16
Basic attack crit rate - 0
Ability crit rate - 0
_ Eudora's Spell _
Passive effect _ SuperConductor
Spell တွေ ကို enemy က ဆက်တိုက် ထိလေ နာလေ မျိုး effect ပါ
Skill 1 _ Forked Lightning (CD - 12s, Mc - 80)
Magic dmg 400 ကို Eudora ရဲ့ အရှေ့ က Enemy တွေ ကို Area နဲ့ ထိစေမှာ ဖစ်ပီး Effect ကြောင့် 15 magic resistance ကို လျော့သွားစေမှာပါ
Spell 2 _ Electic Arrow (cd - 12s, Mc - 90)
Magic dmg 280 ကို ထိစေပီး 0.75s မူးနေစေမှာပါ..
Skill 1 သုံးပီး skill 2 သုံးတာ ဟာ ကို solo combo အဖစ် အဆော့များပါတယ်..
Skill 3 _ Thunderstruck (cd - 34,Mc - 130)
Area spell အမျိုးစားဖစ်ပီး.. Dmg အရမ်း ကြမ်းလွန်းပါတယ်... Tigreal,Freya လို စုပေးမဲ့ ကောင်မျိုးနဲ့ဆို အကြိုက်ပါပဲ..သူက enemy Hero တကောင်ကိုပဲ Target spell ချလိုက်ပေမဲ့.. Enemy ဘေးနားက area ကိုပါထိစေပါတယ်..
Magic dmg 600 ကို Target enemy ကိုထိစေပီး Area အတွင်းက enemy တွေ ကိုတော့ 400 magic dmg ထိစေမှာပါ spell 1,2 ထိထား တဲ့ enemy ဆိုရင်တော့ 15% အပိုစောင်း ထက်ထိစေမှာပါ..
_ Skill Combo _
Early Combo _ Skill 1 + skill 2 + Skill 3
ရိုးရှင်းပါတယ် Skill 1 ကြောင့် effect ဝင်ပီး Skill 2 stun ဟာ အနည်းငယ်ပိုကြာစေပါတယ်..
Charge combo _ Skill 2 + Skill 1 + Skill 3
Enemy Hero လိုက်ဖမ်းပေးတာပါ ကို့ နောက် ကတော့ Teammate တွေ ပါလာလား မပါလား ကြည့်ပါ ထွက်ပြေးနိုင်မဲ့ Hero တွေကို Assult or Flicker နဲ့ လိုက်ပီး သုံးသွားတဲ့ combo မျိုးပါ..
Before dead _ skill 3 + skill 1 + skill 2
ကိုကလည်း သွေးနည်းနေပီ သေနိုင်တဲ့ အခြေနေ မျိုးမှာ မသေခင်လေး ရှိသမျှ အကုန် ထုတ်ခဲ့တာမျိုးပါ..
Skill 3 (dmg အများဆုံး) ကို အရင် ထုတ်သုံးပီး မသေရင် skill 1,skill 2 (stun ကြောင့် လွတ်မြောက်နိုင်ပါတယ်) သေသွားခဲ့ရင်တောင်.. ကျန်တဲ့ Teammate တွေ အတွက် အထောက်ကူဖစ်နိုင်ပါတယ်
_ In game _ (ကျနော့် ဆော့တဲ့ ပုံစံလေးပါ)
Eudora ကို ပွဲ စထွက် တာ နဲ့ 20% mana regen item (120gold) ကို 2 ခု ဝယ်ထည့်ထားပါ..ပီးရင် boot ရိုးရိုး ဝယ်ထည့်ထားပါ blue buff ကို ပထမ တခေါက်မှာ သိပ်မလိုအပ်သေးပါဘူး.. Freya လို ကောင်နဲ့ လမ်း ထိန်းရင်တော့ Freya ကို ပထမ တခေါက် blue buff ပေးသင့်ပါတယ်.. ဒုတိယ တခေါက် ထွက်မဲ့ Blue buff ကို တော့ စားပါ..
Gear item 1 ခု ပီးသွားပီ ဆိုရင်တော့ (250gold) ရိုးရိုး ဖိနပ် ကို ဝယ်ပါ..
ကျန်တာတော့ နောက်ပိုင်း အဆင်ပြေမှာပါ early ပိုင်းလေး က အရေးကြီး ဆုံးမို့လို့... solo မနေပါနဲ့..
_ Gear Build _
Enchanted Talisman
+55 magic Power
+250 HP
+30 Mana regen
+20% cooldown reduction
Unique - Kill hero or assist လုပ်ရင် Hero ရဲ့ mana 20% ကို 5s အတွင်းပြန်ဖြည့်ပေးပါတယ်
(Eudora ဟာ spell အရမ်းထွက်တာကြောင့် mana လိုအပ်ပါတယ် ပီးတော့ HP +250 ဆိုတာက အသက်ရှင်ဖို့ အတွက်လည်း အထောက်ကူဖစ်ပါတယ်)
Magic Shoes
+10% cooldown reduction
Unique - +40% movement
(Enchanted Talisman နဲ့ Magic shoes တို့ပေါင်းရင် +30% cd reduce မို့လို့ cd အတွက် လုံလောက်သလောက်ရှိနေပါပီ)
Guardian Relic
+90 magic power
Unique - +25% magic power
(Target ကို skill တခု သုံးပီးသွားရင် နောက် ထက်ထိစေမဲ့ skill ကို +15% magic power တိုးသွားစေပါတယ် 3s ထိကြာနေမှာဖစ်ပီး 10s တခါ ပြန်ဖစ်နိုင်ပါတယ်)
Concentrated Energy
+70 magic power
+700 HP
Unique - +25% spell vamp
(Eudora က Spell dmg ကြီးပဲ ထုတ်နေလို့ မဖစ်ပါဘူး..
Battle မှာ ကြာကြာ နေနိုင်အောင်လဲ ကြည့်တက်ရပါတယ်.Spell vamp ဆိုတာ Hero သုံးလိုက်တဲ့ Spell dmg ရဲ့ 25% ကို သွေးပြန်တက်စေမှာပါ.Battle ပီးသွားလို့ ကို အသက်ရှင်ခဲ့ရင်တောင် minion တွေ ကို skill သုံးရင်း သွေးပြန်တက်စေမှာပါ ရသလောက် lane push ခဲ့လို့ရပါတယ်)
Immotality
+800 HP
+40 magic resistance
Unique -သေပီး 2s ကြာရင် အသက်ရှင်ပါမယ်.15% HP ကိုပေးပီး 3s ကြာတဲ့ dmg 300 to 1000 စုနိုင်သော shield တခု လည်းပေးမှာပါ . Mana အပြည့်နဲ့ ပြန်ထွက်လာမှာ မို့လို့ ရသမျှ Spell တွေ ပြန်ထုတ်ခဲ့ပါ . နောက်တခါ ပြန်ရဖို့ 180s စောင့်ရပါတယ်
Blood Wings
+150 magic power (နည်းတာမှ့ မဟုတာ)
Unique - Magic spell ၁ ခုသုံးတိုင်း 2 HP ပြန်တက်မှာပါ
ကျနော် အခု သုံးနေတဲ့ Gear build ပါ (In use)
ဒုတတိ တခု ကလည်း ကွကိုရှာထားတပာ
Legend guild ကတော့ Google (Future gaming web) ကရှာထားတာပါ
_ Battle spell
Flicker - Enemy လိုက် ဖမ်းတာ ဖစ်ဖစ်.. battle မသာလို့ပြေးတာ ဖစ်ဖစ် အဆင်ပြေပါတယ်.. (1st)
Healing spell - team ကို Supp အဖစ် လိုက်ဆော့ပေးလို့ရပါတယ်.. Yun zhoa တို့ Tigreal တို့ လို ပြေး ဝင်လာပီး teammate ကို ဆွဲ လုပ်မဲ့ ကောင်မျိုးတွေကို stun ပီး Healing spell သုံးတာမျိုး လုပ်လို့ရပါတယ် ..(2nd)
Assult - Lane gank ဆော့ပီး .. Battle အထွက် ကောင်းအောင် ဆော့နိုင်ပါတယ်.. (3rd)
_ Emblem Set _
Magic assassin set
Magic penetration ကို အဓိက တိုးပေးပါတယ်
Magic power,Cooldown reduction,Hp,movement speed တို့ကို တိုးပေးပါတယ်..
(Magic dmg ထိတာ နစ်စေပါတယ် eudora လို Spell dmg ထွက်တဲ့ Hero နဲ့ သင့်တော်မယ် ထင်ပါတယ်)
_ Combat _
Lane - Fighter (Chou,freya,balmond) တို့နဲ့ အတွက်ကောင်းသလို
Tank (Franco,Jhonson) တိုနဲ့ လည်း fine ပါတယ်
Enemy ဘက် က Karina,Natalia (dmg နဲ့ Hero kill အရမ်း မြန်လို့ပါ)
Freya (Stun နဲ့ Skill 1 ကြောင့် လွတ်ဖို့လမ်း သိပ်မရှိပါဘူး)
Tigreal (Unti ဝင်စု လိုက်ရင် enemy ဘက်အတွက် အရမ်း ကောင်းသွားမှာပါ Eudora ကို အရင်လုပ်မဲ့ ကောင်တွေ က စောင့်နေတာပါ အပေါ်မှာ ပြောသလို Tigreal ရှိတယ်ဆိုရင် အုပ်စု နဲ့ ခွာနေပီး stun ရအောင်လုပ်ပါ)
သူတို့ကိုတော့ ကြောက်သင့်ပါတယ်
_ Team fight _
lane ထိန်းတာ နဲ့ မတူပါဘူး.. ချူံခို နေတာမျိုး Teammate အုပ်စုနဲ့ ခပ်ခွာခွာနေပီး အရင် ဝင်လုပ်မဲ့ Enemy ကိုစောင့်နေပါ.. Dmg ထွက်တဲ့ Hero ဖစ်တဲ့ အတွက် Battle မှာ ကြာကြာနေဖို့ လိုပါတယ်.. Eudora ရဲ့ dmg တွေကြောင့် Battle သာပါတယ် အဓိက က ကို့ကို လုပ်မဲ့ ကောင်တွေကိုတော့ သိထားပါ.. spell ကိုတော့ အရင်သေနိုင်တဲ့ (Maskman,assassin) တွေကို အရင် ဖြုတ်ချ သင့်ပါတယ်..
Comments
Post a Comment