Layla နေတဲ့ နေရာဒေသဟာ အန္တရာယ်ရှိတဲ့စွမ်းအင်ဆိုးတွေ
အားအပြည့်နဲ့ ဝန်းရံထားတဲ့ ကမ္ဘာလေးတစ်ခုဖြစ်ပါတယ် ...
ဒီ စွမ်းအင်ဆိုးတွေနဲ့ ထိမိတဲ့ လူတိုင်းဟာ အကြောင်းပြချက်မရှိဘဲ ...
စိတ်တွေအလိုလို ရက်စက်ကြမ်းကြုတ်ပြီး လူရိုင်းတွေ ဆန်ဆန် ပြောင်းလဲသွားနိုင်ပါတယ် ...
Layla ရဲ့ ဖခင်ဟာ သူ့ရဲ့ ပန်းပဲဖိုမှာ ... ကမ္ဘာကြီးရဲ့ နက်ရှိုင်းတဲ့နေရာက ရှာဖွေတွေ့ရှိခဲ့တဲ့
မှော်ဝင်သံတုံးတွေက တဆင့် သေနတ်တစ်လက်ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ် ...
ဘေးဖြစ်စေတဲ့ စွမ်းအင်တွေကို စုပ်ယူထိန်းချုပ်ပေးမယ့် သေနတ်ကို တီထွင်နေစဉ်မှာပဲ မမျှော်လင့်စွာ
ဖခင်ကြီးလည်း စွမ်းအင်ဆိုးတွေ စုပ်ယူမိတာ အရမ်းများလာတဲ့အတွက် အန္တရာယ်ဖြစ်စေခဲ့ပြီး သေဆုံးသွားခဲ့ပါတယ် ...
မသေခင်မှာ ဖခင်ကြီးဟာ Layla ကို ပြုလုပ်ပြီးစီးသွားတဲ့ သေနတ်ကို ..
ဘေးဖြစ်စေမယ့် စွမ်းအင်တွေကို ဖယ်ရှားရပ်တန့်ဖို့ ဆိုပြီး အမွေပေးခဲ့ပါတယ် ...
Layla ရဲ့ ပြောနေကြစကားလေးတွေကတော့ ...
We can do it! ငါတို့လုပ်နိုင်မှာပါ ...
Keep it up, until you're as brilliant as me!
မင်း ငါ့လောက် စွန်းတော်လာတဲ့ထိ ဆက်လုပ်သွားစမ်းပါ ...
I will drive away the darkness!
ငါ အမှောင်ထုကို ဖယ်ရှားပေးလိမ့်မယ် ...
Time to shine!
တော်ပဖို့ အချိန်ရောက်ပြီ ...
- Layla ရဲ့ အားနည်းချက်ကို အရင်ပြောရရင် ပျော့လွန်းပါတယ်
အရမ်းပျော့တဲ့အတွက် သွေးဓားကို မဖြစ်မနေကို ထည့်ရမှာပါ
- Layla ရဲ့ ဒုတိယ အားနည်းချက်က ပစ်အားအရမ်းကို နှေးတာပါ
ဒီအတွက်ကြောင့် Battle Spell ကို Fury မဖြစ်မနေ ယူသင့်ပါတယ်
- ဒီနေရာမှာ တော်တော်များများက ပြောပါတယ် Escape Spell ( ထွတ်ပြေးတဲ့ Spell ) တွေ
Flicker ၊ Assault ၊ Purify တို့ကို ယူသင့်တယ်လို့ ပြောရင် ဟုတ်ပါတယ် တကယ်လဲ ယူသင့်ပါတယ်
ဒါပေမယ့် Sis ရဲ့ Play Style က Team ကို အရမ်းမှီခိုပြီး ဆော့တဲ့ Play Style မို့လို့ မယူပါဘူး
- Fury ယူရခြင်းရဲ့ အကျိုးကတော့ Turtle ၊ Lord ၊ Tower တွေကို ပစ်မယ်ဆိုရင် တကယ်ကို ခဏလေးပါပဲ။ Tower ဆိုရင် Creed တစ်ကောင်ပဲ ပါရင်တောင် Tower ခဏလေးပြိုပါတယ်။ Battle ၀င်ရင်လဲ Fury ဖွင့်ပြီး MM နဲ့ Mage ကို ပစ်ရင် သူတို့ လုံးဝမခံနိုင်ပါဘူး ချက်ချင်းပျောက်ပါတယ်
--------------------------------------------------------------------------------
Layla ယူရင် အဓိက သတိထားရမှာက Silent Shoot (အသံတိတ်) ပစ်တက်ရပါမယ် အများအားဖြင့် Layla ယူရင် Lvl 4 ကို အရင်ဆုံး Battle ထဲ ဖွင့်ကြပါတယ်။ ဒါက မှန်သင့်သလောက်မှန်ပါတယ်။ ကိုယ့် Team Mate Hero ကို ကြည့်ပါ Karina တို့ Saber တို့ ပါရင်တော့ Lvl 4 အရင်လွှတ်ပေးသင့်ပါတယ်။ Assasin Hero မပါရင်တော့ ဘာ Spell မှ မထုတ်ဘဲ Fury ဖွင့်ပြီး Silent Shoot ပစ်သင့်ပါတယ်။
Battle ၀င်ရင် Layla က ကားယားကားယားနဲ့ အရှေ့က မနေရပါဘူး
အနောက် သို့ အလယ်မှာနေပါ။ ခြုံထဲမှာ နေတာက အကောင်းဆုံးပါ ။
Silent Shoot နဲ့ Battle ၀င်နေစဉ် တစ်ဝက်လောက် သွေးတွေလျော့နေပြီဆိုတဲ့အချိန်မှာ Lvl 2 နဲ့ lvl 1 ကို Cooldown ပြည့်တိုင်းသုံးပေးပါ lvl 4 ကိုတော့ အမြစ်ဖြတ် သုတ်သင်တဲ့အခါမျိုး ဒါမှမဟုတ် ကိုယ့် Team က လိုက်သတ်နေတဲ့ အခါမျိုးမှာ သုံးပေးပါ။ အမြဲတမ်းချိန်စားဖို့ မဟုတ်ပေမယ့် အမြဲတမ်းလဲ သွေးလျော့ပေးဖို့ မဟုတ်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး သုံးသင့်ရင် သုံးပေးပါ
-------------------------------------------------------------------------------
Layla Item
Layla Item ကို ပုံမှာပြထားတဲ့ ပထမ လိုင်းနဲ့ ဒုတိယလိုင်း နှစ်ခုကို အဓိက သုံးပါ။ ဒုတိယ လိုင်းကတော့ Layla Beginner တွေ အနေနဲ့ သုံးသင့်ပါတယ်။ item ၃ ကွက်ပြည့်တာနဲ့ Attack Speed တော်တော်တက်ပါတယ်။ အနောက်ဆုံးအကွက်က Wind Chaser ကိုတော့ tank ပါမှထည့်ပါ Tank မပါရင် ဓားစိမ်းထည့်ပါ။
ပထမလိုင်း Item ကတော့ Sis အကြိုက်ဆုံးနဲ့ စိတ်ကြိုက်ဆက်ထားတာပါ
damage ကို အရမ်းဦးစားပေးထားပါတယ်။ အားနည်းချက်ကတော့ Attack Speed ပါ Item ၄ကွက်ပြည့်မှ Attack Speed ရမှာပါ။ Fury ကို အရမ်းအားကိုးပြီး တွဲသုံးရပါတယ်။ ဒါပေမယ့် ၃ ကွက်ပြည့်တာနဲ့ Moskov ကို ယှဉ်ပစ်လို့ရပါတယ်။ အားလုံးပြည့်သွားရင်တော့ Tigreal တို့ Mino တို့တောင် မခံနိုင်ပါဘူး။ maskman နဲ့ mage ကို အလွန်ဆုံး ၄ ၅ ချက်ပဲ ပစ်ရပါတယ်။ Fury Spell နဲ့ဆို 4 5 ချက်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ထွတ်ပါတယ်။
᠌᠌᠌
Comments
Post a Comment