Karina
#Background
ခင်မင်ဖော်ရွေတဲ့ လနတ်သူငယ်လေးတွေနဲ့ ညနတ်သူငယ်လေး တွေဟာ မှောင်မိုက်ခြင်းကို မျက်နှာဖုံး တပ်ထားတဲ့ ကမ္ဘာ့ အမှောင်ထုထဲမှာ တစ်နေရာစီ မွေးဖွားခဲ့ကြပါတယ်... ပြီးတော့ သူတို့တွေရဲ့ personal ပုဂ္ဂိုလ်ရေးအချက်လက် တွေကို လိမ်ညာဖုံးကွယ်ခဲ့ကြတယ်... သူတို့ရဲ့ အလုပ်က အခြားသော ပြိုင်ပွဲတွေမှာ ခေါင်းဆောင်ပြီး သတ်ဖြတ်ဖို့ပါပဲ... အဲ့ဒါကြောင့် နတ်သူငယ်တွေဆိုတာ ညတိုင်းသတ်ဖြတ်ဖို့ အတွက် မွေးဖွားလာခဲ့သလိုပါပဲ... Karina ဆိုတာ ထင်းရှားကျော်ကြား တဲ့ သတ်ဖြတ်ရေး နတ်သူငယ်တစ်ဦးပါပဲ...😨😨😨 အာ့ဆို အဲ့အကိတ်မက 😱😱😱
သူမရဲ့အကြောင်းက အဲ့လောက်ပါပဲ....
#Attributes
Movement Speed. >260
Physical Attack. >121
Magic Power. >0
Armor. >20
Magic Resistance. >10
HP. >2633
Mana. >431
Attack Speed. >1.125
HP Regen. >39
Mana Regen. >16
Basic Attack Crit Rate. >0
Ability Crit Rate. >0
#Skills 👏👏👏
Passive (Combo Hit)
Hero ဖြစ်ဖြစ် Creep ဖြစ်ဖြစ် ရန်သူကိုပထမ နှစ်ချက်ခုတ် ပြီးတာနဲ့ သုံးချက်မြောက်ရင်တော့ ရန်သူသွေးရဲ့ 8%ကို နှုတ်ချပစ်လိုက်မှာပါ... ture damage ထိတာမို့ ဘာ armor မှ မကာပါဘူး...ပထမချက်ခုတ်ရင် အစိမ်းကွင်းလေးပေါ်လာမယ် ဒုတိယချက်ခုတ်ရင် နောက်ထပ် အစိမ်းကွင်းလေး ထပ်ပေါ်မယ် တတိယချက်ဆိုရင်တော့ အစိမ်းကွင်းလေးအားလုံးစုပီး ပေါက်ထွက်သွားတဲ့ပုံစံလေး သိသာပါတယ်ဗျ...
Skill 1 (Elusiveness)
အဲ့ skillက သူမကို map မှာ 3စက္ကန့်လောက်ပျောက်နေစေ တဲ့အပြင်ဘသူမရဲ့ Movememt speed ဟာ 35% ထိမြန်လာ ပါလိမ့်မယ်... အဲ့ချိန်အတွင်း ရန်သူကိုခုတ်ပါက ရန်သူကို တဒင်္ဂနှေးသွားစေပြီး magic damage 165 ကို crit hit အဖြစ်ထိစေမှာပါ...(Crit hit ဆိုသည်မှာ သူမရှိတဲ့ အမြင့်ဆုံး damage ကို ဘာarmorမှာ မကာပဲ တိုက်ရိုက် ထိတာပါ true damage လို့ပြောလို့ရပါတယ်) အဲ့ skill နဲ့ထိတဲ့ ရန်သူ ကိုယ်သတ်လို့ပဲ ဖြစ်ဖြစ် သူများသတ်လို့ပဖြစ်ဖြစ်သေသွားခဲ့ရင် cooldown ကို 60% လျော့ပစ်ချလိုက်မှာပါ...အော် မေ့ကျန်ခဲ့ လို့ အဲ့skill သူံးထားတဲ့ 3 စက္ကန့်အတွင်း physical attack damage လုံးဝမထိပါဘူး.... 100%ကာပေးပါတယ်.. Cooldown က 5.9 စက္ကန့်ပါ
Skill 2 (Dance of Death)
Skill နာမည်လေး လှတယ်နော် 😄 အနီးနားမှာရှိတဲ့ ရန်သူကို magic damage 260 ထိပါတယ်... အဲ့စကေးနဲ့ထိတဲ့ရန်သူ ကိုယ်တိုင်ပဲသတ်သတ် သူများပဲသတ်သတ် သေသွားခဲ့ရင် skill cooldown ကို 60% ထိလျော့ချပေးပါတယ်.... Cooldown က 4.4 စက္ကန့်ပါ..
Ultimate Skill (Shadow Rush)
ကောက်စား skill ပါ 😁 magic damage 430 ထိပါတယ်... အဲ့ Skill သုံးပြီး ရန်သူကို 5 စက္ကန့်အတွင်း အသေသတ်နိုင်ရင် Cooldown မရှိတော့ပါဘူး...ပြန်ပြည့်နေမှာပါ... တခြားလူသတ်လို့ သေသွားခဲ့ရင်တော့ Cooldown ကို 80% လျော့ပစ်ပေးမှာပါ... Cooldown က 39.2 စက္ကန့်ပါ...
Battle Spell လား Juggle ဝင် တောခိုမယ်ဆိုရင်တော့ Retribution ယူသွားပေါ့ဗျာ
Lvl 4 ရတာနဲ့ Hero Kill ချင်တယ်ဆိုရင်တော့ Execute က အကောင်းဆုံးလို့ ထင်ပါတယ်...
Top player item build ကိုမြင်တော့ နဲနဲအံ့သြသွားတယ်ဗျ သူက Tank item တွေစပ်ထားတာကိုး... ပရမ်းဗတာတေ ပါဟယ်ဆိုပီး မထင်လိုက်ပါနဲ့ ကျွန်တော် ဆော့ကြည့်ပီးပါပီ.. Karina လည်း Tank Role သွားလို့ရတယ်ဆိုတာ ခုမှသိတယ်ဆို ဝန်ခံပါတယ်... ရန်သူဒေဘက် Mage တစ်မျိုးကိုကဲ ကြောက်ရပါတယ် mm? fighter? tank?? assis? ကြိုက်တာလာပလေ့စေ... skill 1 နဲ့သာလိုက်ခုတ် ခံနိုင်ရိုးလား.. . . . .
Comments
Post a Comment