လူမုန်း အများဆုံး Hero လို့ပြောလို့ရတဲ့ battle မှာ ဒုက္ခ တော်တော် ပေးနိုင်တဲ့ Gord..... 👏👏👏
နောက်ပိုင်းတော့သုံးတာကိုမတွေဘူး
#Background
Gord ဟာ မှော်ကမ္ဘာမှာ မွေးဖွားခဲ့တာပါ... မွေးကတည်းက မှော်စွမ်းအားတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့ပြီး... လေကိုတောင် မှော်စွမ်းအားအဖြစ်ပြောင်းပြီး အသက်ရူပါသတဲ့.. သူချစ်တဲ့ ထူးခြားဆန်းကြယ်လှတဲ့ မှော်ပညာတွေကို တစ်ခုပြီး တစ်ခု တတ်မြောက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ .... မှော်ပညာ တွေအားလုံးထဲမှ နက်နဲသိမ်မွေ့တဲ့ မှော်ပညာကို ကျွမ်းကျင်မှုကြောင့် မှော်ဆရာတစ်ပါး ဖြစ်လာခဲ့တယ်... သူ့ရဲ့ မိမိကိုယ်ကို ယုံကြည်မှုကြောင့် ထူးခြားဆန်းကြယ်တဲ့ မှော်ပညာတွေဟာ ပိုပိုပြီး စွမ်းအားပြင်းလာခဲ့တယ်... သူ့ အသားရေဟာလည်း မီးခိုးရောင်ပြောင်းလာခဲ့ပြီး.. အရွယ်ကျလာခဲ့တယ်... (အိုမင်းရင့်ရော် တာ မြန်တယ်ပေါ့) ... ဘယ်လောက်ထိ စွမ်းအားပြင်းလာလဲဆိုရင်... သူ့ရဲ့ မှော်စွမ်းအားတွေဟာ သူ့ရဲ့ အသားတွေ အရိုးတွေထဲ စိမ့်ဝင်တဲ့ အထိပါပဲ... အဲ့ဒီနောက်မှာတော့ လူကြီးမင်းတို့ရဲ့ ရှေ့မှောက်(Land of Dawn) ကို ရောက်လာခဲ့ပါတော့တယ်..
#Attributes
Movement Speed. >240
Physical Attack. >105
Magic Power. >0
Armor. >13
Magic Resistance. >10
HP. >2418
Mana. >570
Attack Speed. >0.965
HP Regen. >32
Mana Regen. >25
Basic Attack Crit Rate. >0
Ability Crit Rate. >0
#Skills 👏👏👏
Passive (Mystic Favor)
သူ့ skill တွေက enemy ကိုဆက်တိုက်ထိနေရင် magic damage 10% ပိုထိပါတယ်... 5စက္ကန့်အတွင်း 10 ကြိမ်ထိတိုးထိပါတယ်...
Skill 1 (Mystic Projectile)
Target area ကို မှော်ဗုံး ပစ်လိုက်တာပါ... magic damage 240 ထိမှာဖြစ်ပြီး ရန်သူရဲ့ movement speed ကို 2စက္ကန့် 70% နှေးသွားစေပါတယ်... target area ရဲ့ အလယ်တည့်တည့်ကို ထိရင်တော့ damage 30%ပိုထိမှာဖြစ်ပြီး ခဏ stun စေမှာပါ...
Cooldown 8 စက္ကန့်ရှိပါတယ်...
Skill 2 (Mystic Injunction)
ကွင်းအဝိုင်းလေး တစ်ခုအဖြစ် ပေါ်လာမှာပါ... ကွင်းဝိုင်းလေးနဲ့ ထိတဲ့ ရန်သူဟာ 0.5 စက္ကန့်တိုင်းမှာ magic damage 80 စီထိမှာဖြစ်ပါတယ်...
Cooldown 11 စက္ကန့်ပါ...
Ultimate Skill (Mystic Gush)
လေဆာပုံစံလိုမျိုး စွမ်းအားတန်းနဲ့ ထိုးတာပါ... 0.4 စက္ကန့် တိုင်းမှာ magic damage 130 စီထိမှာဖြစ်ပြီး ရန်သူရဲ့ movement speed ကို 3စက္ကန့် 10% နှေးသွားစေမှာပါ.. ပထမတစ်ချက် နှိပ်ပြီးတာနဲ့ ဒုတိယချက်ဖိဆွဲပြီး လိုအပ်သလို direction ရွေ့လို့ရပါတယ်... မဖိဆွဲပဲ ဒုတိယချက် နှိပ်ရင်တော့ ပြန်ရုပ်သိမ်းလိုက်မှာပါ...
Cooldown 42 စက္ကန့်ရှိပါတယ်...
Mage မို့ တော်တော်ပျော့ပါတယ်... Mana အမြဲရှိနေပါစေ... battle ရဲ့ အနောက်ဆုံးကနေ ult သုံးပေးရမယ့် Hero ပါ... Skill 1 stun ကလည်း တော်တော် အရေးပါ ပါတယ်... Tigreal လို Tank မျိုးနဲ့ တွဲလို့ တော်တော်လိုက်ပါတယ်... Tigreal ရဲ့ Ult မိနေတဲ့အချိန် Gord ရဲ့ skill 1/2/ult.... ace တောင်ဖြစ်သွားနိုင်ပါတယ်... battle spell ကို filcker ဒါမှမဟုတ် Assult နဲ့ အဆင်ပြေမှာပါ.. သူ့ရဲ့ move speed က တော်တော်နည်းပါတယ်... mage ဖြစ်တာကိုး...
Comments
Post a Comment