ကဲ. . . Tank တွေကိုမှ crazy ဖြစ်ပါတယ်ဆိုတဲ့ သူတွေအတွက် မှင်စာလေး Lolita အကြောင်း.....

#Background
Lolita ဟာ ဟိုး...ဝေးကွာလှတဲ့ elven ဆိုတဲ့ရွာမှာ မွေးဖွား ခဲ့ပြီး မထင်မရှားနဲ့ ဘဝကိုပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်... စစ်ပွဲတစ်ခုကြောင့် သူမလေးရဲ့ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘဝဟာ အဆုံးသတ်ခဲ့ပါတယ်... အဲ့ဒီစစ်ပွဲကြောင့် သူမရဲ့ ရွာတစ်ခုလုံး ပျက်စီးခဲ့ပြီး သူမရဲ့မိသားစုနဲ့လည်း တကွဲတပြားစီ ဖြစ်ခဲ့တယ်... 
သူမရဲ့ ဘဝဟာ စုတ်ပြတ်သတ်သွားပါတော့တယ်... အဲ့ဒီချိန်မှာပဲ City of Scholars (ပညာသင်ဆုတွေပေးတဲ့ မြို့) ရဲ့ စက်ဆရာဖြစ်သူ Rooney နဲ့ တွေ့ပြီး ပညာသင်ကြားခဲ့ရတယ်... Lolita ဟာ အဲ့ဒီမြို့ကို ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်ချင် တာကြောင့် City Guard (မြို့စောင့်) ဆီမှာ အဲ့ဒီမြို့ကြီး ကို သူမအသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက်ပါမယ် လို့ ကျမ်းကျိန် သစ္စာဆိုခဲ့တယ်... (မြို့စောင့်နတ် ကိုပြောတာလား မသိဘူးခင်မျ)... Bruno ဟာ အပျိုပေါက်စ မှင်စာကလေး Lolita လေးကို ကြိတ်သဘောနေခဲ့ပါတယ်.. အဲ့ဒါကြောင့် City Scholars မှာ Noumenon Energy Core လို့ ခေါ်တဲ့ သတ္တုခဲ့လေး တစ်ခုကို လေ့လာပြုလုပ်ပြီး Lolita ကိုလက်ဆောင်ပေးခဲ့တယ်... (အဲ့ဒီ Noumenon Energy က Lolita ရဲ့ passive ပါပဲ) ... အဲ့ဒီသတ္တုခဲလေးကြောင့် Lolita ရဲ့ ကြီးမားတဲ့တူဟာ ထိန်းချုပ်ရ လွန်ကူပေါ့ပါးပြီး ပိုပြီး ပါဝါပြင်းလာစေခဲ့ပါတယ်...
(😱😱😱 Bruno ရဲ့ crush က Lolita ဟ)

#Attributes

Movement Speed.              >260
Physical Attack.                  >115
Magic Power.                      >0
Armor.                                  >27
Magic Resistance.              >10
HP.                                         >2697
Mana.                                    >0
Attack Speed.                      >0.77
HP Regen.                            >48
Mana Regen.                       >0
Basic Attack Crit Rate.      >0
Ability Crit Rate.                  >0

#Skills 👏👏👏
Passive (Noumenon Energy Core)
သူမရဲ့ သွေးတန်းအောက်က အနီကြောင်းလေးဟာ တဖြည်းဖြည်း ပြည့်နေမှာပါ... အဲ့အနီကြောင်းဟာ Ult Skill သုံးရင် များရင်များတဲ့လိုက် damage ပိုပေါင်းပေးပါတယ်...
ပြီးတော့ shield တစ်ခုဟာ မကြာမခဏ ပေါ်လာမှာဖြစ်ပြီး အဲ့shield ဟာ အနီးအနားမှာရှိတဲ့ teammate တွေအပေါ်မှာ ပါ ဖြစ်ပေါ်စေပါတယ်...

Skill 1 (Energy Rocket)
အဲ့ဒီ skill ကို နှစ်ခါသုံးလို့ရပါတယ်... ပထမတစ်ခါသုံးရင် energy (သွေးအောက်က အနီတန်း) ပြည့်စေပါတယ်... ပထမတစ်ချက်ပစ်လို့ ထိတဲ့ရန်သူဟာ magic damage 190 ထိမှာဖြစ်ပြီး ထိတဲ့ရန်သူကို 1.5 စက္ကန့် 60 % နှေးသွားစေမှာပါ ထိသွားပြီဆိုတာနဲ့ cooldown ပြန်ပြည့်နေပါလိမ့်မယ်... အဲ့ဒီ နှေးနေတဲ့အချိန်အတွင်း ဒုတိယအချက် ထပ်ထိမယ်ဆိုရင် stun ဖြစ်သွားမှာပါ...  
Cooldown. 4စက္ကန့်ပဲရှိပါတယ်...

Skill 2 (Protective Shield)
Skill နာမည်အတိုင်း ကာကွယ်ရေး shield တစ်ခုဖြစ်ပေါ်လာပီး အဝေးကပစ်တဲ့ base attack မှန်သမျှအကုန်ကာပါတယ်... သူဆီကို အဝေးက အရှိန်နဲ့လာထိနဲ့ skill မှန်သမျှလည်းကာပေးပါတယ်... ( Layla ရဲ့ skill 1/2 လိုမျိုး Franco ရဲ့ hook တွေလိုမျိုးပေါ့)
Cooldown 15.5 စက္ကန့်ရှိပါတယ်..

Ultimate Skill (Noumenon Blast)
သူမရဲ့တူဟာ 2စက္ကန့်အကြာမြောက်တက် သွားပြီး ပြန်ကျလာရင်တော့ သတ်မှတ် Area အတွင်းမှာရှိတဲ့ရန်သူ တွေကို Magice damage 350 ကနေ 945 ထိ သက်ရောက် စေပါတယ်... အဲ့ဒါက အနီတန်း အနဲ အများပေါ်မူတည်ပြီး ထိတဲ့ damage လည်း အနဲ အများ ကွာသွားမှာပါ... အဲ့ဒီ 2 စက္ကန့် ချိန်နေစဉ်အတွင်း Lolita ကို shield တစ်ခုကာပေးပြီး ရန်သူရဲ့ ပစ်ချက် လုံးဝ မထိပါဘူး... ဒါပေမယ့် ရန်သူရဲ့ပစ်ချက်က energy (အနီတန်း)ကို လျော့ကျလာစေပါတယ်.... အဲ့ဒီလိုရန်သူ ပစ်လို့ အနီတန်း လုံးဝမရှိတေါ့ဘူးဆိုရင် ကျလာတဲ့ တူရဲ့ damage ဟာလည်း လုံးဝမရှိတော့ပါဘူး... ပြီးတော့ Lolita ရဲ့တူ 2 စက္ကန့် မြောက်နေစဉ်အတွင်း area ထဲရောက်နေတဲ့ ရန်သူတွေဟာ movement speed 75% နှေးနေစေမှာပါ...
Cooldown က 40 စက္ကန့်ပါ...

Lolita ဟာ (Tank / Support)  ဖြစ်တဲ့အတွက် support လို magic item တွေထည့်လို့ရပါတယ်... သူ့ skill damage တွေကလည်း magic တွေပဲကိုး... ကျွန်တော်ကတော့ အားမပေးပါဘူး.. Tank item နဲ့သာလျှင်အကောင်းဆုံးပါ... 
Item တွေကတော့ လိုအပ်သလိုထည့်တာ အကောင်းဆုံး ပါပဲ
ကျွန်တော့် Item build / Top player item build နဲ့
Build Skill တွေကတော့ အောက်မှာပါ...
Tank player တွေ အရှေ့တန်းကနေပြီး မိမိ Teammate တွေကို အကောင်းဆုံး ကာကွယ်ပေး နိုင်ကြပါစေဗျား


Comments

Popular Posts