ခုတစ်ခါတော့ Voting အများဆုံး Hero ဖြစ်တဲ့ Fanny အကြောင်းပါ 😊
#Background_Story
လူတစ်ယောက်ဖြစ်ပေမဲ့ Fanny ဟာ သူငယ်စဉ်ကမက်ခဲ့တဲ့ ပျံသန်းမယ်ဆိုတဲ့ အိပ်မက်ကိုလုံးဝအလျော့မပေးခဲ့ပါဘူး
တစ်နေ့မှာသူဟာ စတီးအမျိုးအစားနဲ့ ပြုလုပ်ထားတဲ့ ကြိုးချိတ်ကို တောင်ကုန်းတောင်တန်းတွေကြားမှာလွတ်လပ်စွာပျံသန်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တီထွင်ပြုလုပ်ခဲ့ပါတယ်
ပျံသန်းဖို့သူနေထိုင်ရာပတ်ဝန်းကျင်မှာအချိန်ပေါင်းများစွာလေ့ကျင့်ခဲ့ပြီးတဲ့အချိန်မှာတော့ Fanny ဟာ ပျံသန်းခြင်းနည်းပညာမှာတစ်ဖက်ကမ်းမြောက် ဖြစ်သွားခဲ့ပါတယ်
Fanny ရဲ့လေထဲမှာလွတ်လပ်စွာပျံသန်းတဲ့ပုံရိပ်ကိုမြင်ဖူးတဲ့သူကတော့ Fanny ကို လွတ်လပ်စွာပျံသန်းသောဓါးသွား(Blade Of Freedom) ကိုရည်ညွှန်းတယ်မှတ်ယူခဲ့ကြပါတယ်
#Passive
ကြိုးဆွဲနေစဉ်အတွင်းဆိုရင် Damage က 10% - 20% ထိတိုးသွားမှာပါ ကြိုးဆွဲနေလို့ Minions or enemies နဲ့ထိရင် ကြိုးဆွဲနေတုန်းဓားကိုလှည့်ပါတယ် ၂ကြိမ်အများဆုံးပါ ကြိုးဆွဲ(skill 2)သွားတုန်း Skill 1 (Auto ) လှည့်ပြီးသတ်နိုင်ရင် Energy ပြန်ဖြည့်ပေးပါတယ်
(ဥပမာ ကိုယ်ကြိုးဆွဲလိုက်တဲ့ လမ်းတစ်လျှောက်မှာ hero 5 ကောင်ရှိတယ်ဆိုပါစို့ တစ်ယောက်နဲ့တစ်ယောက်အကွားအဝေး ဝေးနေတယ်ပဲထားပါအုံး အဲ့လိုဆိုရင်တော့ ရှေ့ဆုံး မှာ ရှိတဲ့နှစ်ယောက်ကိုထိတဲ့အတွက် ဓားကနှစ်ခါလှည့်ပါမယ် ဒါပေမဲ့နောက်က ၃ယောက်ကတော့မထိပါဘူး but ကိုယ်ကြိုးဆွဲတဲ့ဆီကိုတော့ Fanny ကရောက်သွားမှာပါ)
#Skill_1
Aoe Spell ပါ သူ့ဓါးကိုလှည့်လိုက်ပြီး အနီးအနားမှာရှိတဲ့သူမှန်သမျှကို 260* physical damage သက်ရောက်မှာပါ
#Skill_2
Fanny ဟာ ကေဘယ်ကြိုးတစ်ခုလွှတ်လိုက်မှာပါ အဲ့ကေဘယ်ကြိုးဟာ စစချင်းထိသွားတဲ့အရာဝတ္ထုဆီကို Fanny က ကြိုးနဲ့အတူလိုက်သွားမှာပါ
တိကျသေချာတဲ့ ကြိုးဆွဲမှုတိုင်းအတွက် အဝါရောင်ဘားတန်းထဲက enegry သုံးမှုကို 1 bar လျော့ချပေးမှာပါ အကယ်လို့ကိုယ်ကကြိုးဆွဲလို့မထိရင် Enegry လျော့တာမြန်ပါတယ် (energy ဆိုတာအဝါရောင်ဘားတန်းကိုပြောတာပါ)
Skill 2 ကိုသုံးလိုက်ရင် cooldown လိုအပြာရောင်အဝိုင်းလေးSkill မှာပေါ်လာပါတယ် အာ့တာမကုန်ခင်နောက်ကြိုးတစ်ချောင်းထပ်ပစ်လို့ ထိရင်တော့ Energy 1 bar လျော့ပေးမှာပါ
Fanny ဟာ Spell တွေက ဆက်စပ်နေတာပါ ဒီလိုပဲသူ့ Skill 1 ရယ် 2 ရယ် Passive တွေက ဆက်စပ်နေပါတယ်
Passive မှာပြောတဲ့ အများဆုံးနှစ်ကြိမ်ထိလို့ရတယ်ဆိုတာ Skill 2 ကိုပစ်လို့အရာဝတ္ထုကိုသွားထိတယ်ပဲထား
အာ့ဆို Fanny ကအဲ့အရာဝတ္ထုဆီကိုလိုက်သွားပါမယ် Fanny လိုက်သွားတုန်းလမ်းတစ်လျှောက်မှာ Enemies ရှိရင် Fanny Skill 1 က Auto လှည့်ပါတယ်
အဲ့ Auto လှည့်တာက ၂ကြိမ်ထိပဲရတာပါ 😁
Energy ရှိရင်တော့ auto လှည့်ပါတယ် မရှိရင်မလှည့်ပါဘူး
#Skill_4
Single Target ability တစ်ခုပါ
ဦးတည်ထားတဲ့ Enemy ကို အပေါ်ကနေဓါးနဲ့စိုက်ချမှာပါ 500*Physical damage ထိပါတယ် Skill 4 ကို သုံးပြီး Skill 2 ကြိုးဆွဲနေတုန်း Skill 1 (Auto) လှည့်ရင်တော့ လှည့်ချက်တိုင်းအတွက်Damage 20% တိုးစေမှာပါ
#Battle_Spell
#Interference(ခရမ်းရောင်နဲ့ဟာ)
Team နဲ့ ဆော့ရင်တော့ Interference ကို အကြံပေးချင်ပါတယ် ကိုယ့် Team က Aggressive ဆန်ရင် Interfrence ကတော်တော်အသုံးဝင်တာပါ
#Retribution(jungle spell)
ဒါကတော့ Solo player တွေအတွက်ပါ စစချင်း creep စားရင် Lvl တက်မြန်ပါတယ်
Cooldown ကလဲ ၃၀ စက္ကန့်ဆိုတော့ ခဏခဏသုံးပေးဖို့လိုပါတယ် ဒါမှမဟုတ် သူများ Enemy team က buff ကိုလုဖို့လဲအသုံးဝင်ပါတယ်
#Item
Physical assassin hero ဖြစ်တဲ့အလျောက် Damage ဆိုတာဘဝပါပဲ
First item-Wind chaser
60 physical damage ပေါင်းပေးပြီး 40% Physical ထိုးဖောက်နိုင်မှုပေါင်းပေးပါတယ်
ဒါဟာ Damage ကို အခြေခံနေတဲ့ Assassin hero တွေအတွက် damage အပြင် physical ထိုးဖောက်နိုင်မှုပါပေးတဲ့အတွက်တော်တော်အသုံးဝင်ပါတယ်
Second item-Magic blade
ဒီ Item ဟာတော့အစောပိုင်းကောနောက်ပိုင်းပါတော်တော်အသုံးဝင်ပါတယ် Wind chaser ထက်တောင်ဈေးပေါပြီး 60 physical damage + 24 Magic damage ခုခံနိုင်စွမ်း ပေးပါတယ်
ကိုယ့်သွေးက 30% အောက်ရောက်နေရင် Shield တစ်ခုပတ်ပေးပြီး 510-1350 damage အထိ စုပ်ယူနိုင်တဲ့ Shield ဖြစ်ပါတယ် Shield ရဲ့ damage စုပ်ယူမှုဟာ Lvl အလိုက် 510-1350 အတွင်းရှိမှာဖြစ်ပါတယ်
Third item-Tooth of Greed
75 physical damage ပေါင်းပေးပြီး ခုတ်ချက်တိုင်းအတွက် 25% သွေးတက် Effect ရမှာပါ တကယ်လို့ကိုယ့်သွေးဟာ 20% အောက်ရောက်နေရင်တော့ သွေးတက် Effect ဟာခုတ်ချက်တိုင်းအတွက် 35% ဖြစ်သွားမှာပါ
Fourth item-Bloodthirsty King
ခုတစ်လော Tank တွေမှာခေတ်စားနေတဲ့ Item ပါ
Hero တစ်ကောင်ကိုသတ်တာပဲဖြစ်ဖြစ် သတ်ဖို့အထောက်အကူပေးတာပဲဖြစ်ဖြစ် အဲ့ Hero သေသွားခဲ့ရင် ကိုယ့်သွေး 20% ကို 5စက္ကန့်အတွင်းပြန်ဖြည့်ပေးမှာပါ
Fifth item-Immortality
ဒီ Item ဟာလဲ Tank တော်တော်များများမှာ ခေတ်စားတဲ့ Item ပါ အစပိုင်းမှာကော အနှောင်းပိုင်းမှာပါအကျိုးပြုတဲ့ Item ပါ
သွေး 800 ပေါင်းပေးပြီး Magic damage ခံနိုင်မှုကို 40 ပေါင်းပေးပါတယ်
သေသွားပြီး၂စက္ကန့်အကြာမှာပြန်ရှင်မှာပါ ရှင်ရှင်ခြင်းမှာကိုယ့် သွေး 15% နဲ့ အတူ Shield တစ်ခုရမှာပါ Shield ဟာ သွေးအပြည့်ရဲ့ 40% ကို Damage စုပ်ယူနိုင်မှာဖြစ်ပြီးတော့ 3 စက္ကန့်ကြာမှာဖြစ်ပါတယ် ဒီ သေရှင် အတွက်ကတော့ Cooldown 180s (3mins) ကြာပါတယ်
Sixth item-Blade of Despair
130 physical damage ပေါင်းပေးပြီးတော့ 25 % ခုတ်နှုန်းမြန်တာရယ် 10% critical ထဖို့အခွင့်အရေးများလာမှာပါ Enemies ပုံမှန်အခြေအနေမဟုတ်(ကြက်ပြောင်းခံရစဉ်၊မူးနေစဉ်၊လှုပ်လို့မရဖြစ်နေစဉ်) အချိန်မှာတော့ 15% damage အပိုလက်ဆောင်ပေးမှာဖြစ်ပါတယ် ဒီ Item ဟာ Late game item ဖြစ်ပါတယ်
Tooth of greed နေရာမှာBlade of Destruction နဲ့ဆော့လဲရပါတယ် အဲ့လိုဆော့မယ်ဆိုရင်တော့ Fanny ကို တော်တော်ကိုင်တတ်နေမှသုံးပါ tooth of greed က Survival အတွက်ဖြစ်ပြီး Fanny ကို အခုမှစသုံးတဲ့သူအတွက်အသုံးဝင်မှာပါ
#Review
Fanny ဟာ Skill ပါတဲ့ Hero တစ်ကောင်ပါ
သူ့ကို Train တာများလေတော်လေပါပဲ
မဆော့ဘဲတော့အကြာကြီးမပစ်ထားပါနဲ့
မကိုင်တာကြာရင်လက်ရည်ကျသွားပါမယ်
Fanny ရဲ့ Skill တွေ က Energy အရမ်းသုံးရပါတယ် အဲ့တော့ Blue buff ကိုလိုကိုလိုပါတယ်
Blue buff မပါဘဲဆော့ရင်အရမ်းခက်ပါတယ်
Fanny ကိုင်မယ်ဆိုရင်တော့ တစ်လမ်းထဲမှာ အကြာကြီးမနေရပါဘူး jungle တိုးလိုက် Roam လိုက် အပေါ်သွားလိုက် အောက်သွားလိုက်ပါလုပ်ရပါမယ်
Comments
Post a Comment