Alpha
#Background_Story
Alpha ဟာ Saber ကိုတီထွင်မှုနောက်ပိုင်း သိပ္ပံဓာတ်ခွဲခန်းအမှတ် 1718 ရဲ့တီထွင်မှုနောက်တစ်ခုဖြစ်ပါတယ်။ ဒီလိုတီထွင်ဖို့အတွက် အကြံဉာဏ်ကိုတော့ sci-fi ဆိုတဲ့ရုပ်ရှင်ကားကနေရခဲ့တာပါ။ ခန္ဓာကိုယ်ကိုတော့ ဇီဝပစ္စည်းတွေနဲ့ပြုလုပ်ထားပြီး အာကာသပစ္စည်းတွေကိုတော့ အရိုးအဖြစ်လုပ်ထားပါတယ်။ Alpha ကိုတစ်ယောက်တည်းတီထွင်ခဲ့တာမဟုတ်ပါဘူး။ Alpha နဲ့အတူ Beta ဆိုတဲ့ စက်ရုပ်လူသားတစ်ယောက်လဲတီထွင်ခဲ့ကြပါတယ်။ Alpha နဲ့ beta ဟာ 'Flesh weapon' လို့ထင်ရှားပြီးတော့ သူတို့သဘာဝလွန်စွမ်းအားဘယ်လိုသုံလဲဆိုတာတော့ပဟေဠိတစ်ခုဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Alpha ဟာ Saber ရဲ့အကူအညီကိုယူပြီး Alt-world ဆိုတဲ့သိပ္ပံကမ္ဘာကြီးကနေလွတ်မြောက်ခဲ့ပါတယ်။ Beta ကတော့ကံမကောင်းစွာနဲ့လမ်းခုလတ်မှာ ဖျက်စီးခံလိုက်ရပါတယ်။ Alpha ရလိုက်တာကျတာ့ Beta ရဲ့ သံမဏိလက်ကြီးပဲဖြစ်ပါတယ်( Alpha လက်နက်) ။ Land of dawn ကိုလာပြီးနောက်ပိုင်းမှာတော့ ဆရာကြီးရွန်းနီရဲ့အကူအညီနဲ့ Beta ဟာ Alpha နဲ့ လေကြောင်းကုမ္ပဏီတစ်ခုကိုတည်ထောင်လိုက်ပါတယ် (ဘာလိုလိုနဲ့ ငါ့အချစ်တော်ကြီးရွန်းနီကပါလာသေး xD) 

#Passive
Skills တွေသုံးခြင်းဖြင့် beta ဟာ Target ကို Mark လိုက်ပြီး Attack လုပ်မှာပါ 2Marks က locked target ကို 150 points of damage ကို true damage အနေနဲ့ထိစေမှာပါ (True damage ဆိုတာ Magic resistance/armor ဘာမှမခံပဲ 150 ဆို 150 လုံးထိတာပါ

#Skill_1 
အလင်းလှိုင်းလေးတွေရှေ့ကိုပစ်လိုက်တာပါ လမ်းတစ်လျှောက်လုံး 175 points of damage ထိမှာဖြစ်ပြီး movement speed 70% ကို 2 စက္ကန့် slow စေမှာပါ။ ဒီဟာက enemy ကိုထိသွားရင် beta ဟာ enemy နောက်လိုက်ပြီး 95 points of damage ထိစေမှာပါ(beta ဆိုတာ drone ကိုပြောတာလားတော့သေချာမသိဘူးဗျxD)

#Skill_2
Alpha ဟာခဏတာအားယူလိုက်ပြီးအရှေ့ကိုတံမြက်စည်းလှည်းလိုက်တာပါ။ 180* ပုံစံဖြစ်ပြီး 245 points  of damage အပြင် ရန်သူတွေကိုနှေးစေမှာပါ။ လှည့်လို့ Hero တစ်ကောင်ထိတိုင်း Attack speed 5% စီတိုးသွားမှာဖြစ်ပြီး သွေး 110 point ကို lifesteal effect သဘောမျိုးရမှာပါ 
ဒီလိုလှည့်ပြီးရင်လဲ beta ဟာဆက်လိုက်နေဦးမှာပါ 105 points of damage ထိပါတယ်

#Skill_4
Alpha ဟာသူ့အလင်းရောင်လက်နက်ကိုအားပြုပြီးရှေ့ကိုညှောင့်လိုက်တာပါ။ဒီ Ability ဟာ hero တွေဆီကို Alpha ကဆွဲခံရသလိုမျိုးရောက်သွားမှာပါ။ ဒီညှောင့်တဲ့လမ်းတစ်လျှောင်တော့ 205 points of damage ထိမှာဖြစ်ပါတယ်။

#Item
Tooth of greed- မရှိမဖြစ်ပါ အရမ်းအသုံးဝင်ပါတယ်
Domaince ice- Enemy ကို Slow ပေးထားတဲ့အတွက် solo ကော Battle ကောသာပါတယ်
Rapid boot- ဒီ လိုဖိနပ်ကကြိုက်တာရွေးပါ အရင် Version တုန်းက Alpha movement speed လျော့လိုက်လို့တော်တော်နှေးသွားပါတယ် ဒါပါမှအဆင်ပြေနိုင်မှာပါ
Hunter strike-cooldown reduction နဲ့ physical attack 100 ဆိုတာတော်တော် Advantage ရပါတယ်
Wind Chaser-Tank ပါရင်အသုံးဝင်မဲ့ Item တစ်ခုပါ (Tank မပါရင် Blade of despair ထည့်ပါ)
Immortality-သွေး/ Magic resistance အပြင် ပွဲအပြောင်းအလဲလုပ်နိုင်တဲ့ သေရှင် effect ပါ တဲ့အတွက်ရွေးကိုရွေးချယ်သင့်တဲ့ item ပါ

#Battle_Spell
Flicker-Position ယူဖို့လွယ်သလို Dive ဖို့အတွက်လဲအဆင်ပြေပါတယ်
Purify-ကိုယ်က initiator သဘောနဲ့ဆော့မယ်ဆိုယူသင့်တဲ့ဟာပါ

#Emblem 
ဒါကအသစ်ပါ 
ပြည့်စုံစေချင်လို့ထည့်ရေးလိုက်တာပါ
ဖြစ်နိုင်ရင် physical assassin emblem နဲ့ဆော့ပါ
Lvl သိပ်မကွာရင်ပေါ့

#Review 
Alpha ဟာလတ်တလောမှာ nerf ခံထိထားတာဖြစ်ပါတယ် အဲ့တာကြောင့်ကိုင်တဲ့သူတွေနည်းသွားတာပါ။ ဖြစ်နိုင်ရင်တော့ Team နဲ့ဆိုမှ Alpha ကိုင်ပါ။ ကိုယ်က initiator တစ်ကောင်ပါ အဲ့တော့နောက်က Backup လုပ်ပေးမဲ့ လူတွေရှိမှအဆင်ပြေတာပါ ပြီးတော့ fighter ပါ tank မဟုတ်ပါဘူး အဲ့တော့အရမ်းအရမ်း မ Dive ပါနဲ့ ရှေ့က tank ဝင်ပြီးမှဝင်ပါ Battle ကို ဝင်လိုက်ထွက်လိုကိဆော့ပါ Battle ထဲတိုးဝင်ပြီးရင်မြန်မြန်ပြန်ထွက်ပါ ပြီးရင်နောက်ကနေပဲ အညှော်ဇယားလုပ်ပါ 


Comments

Popular Posts