Saber
တခြားကမ္ဘာက သိပ္ပံပညာရှင်တွေက ဓားသမားပညာရှင်တွေရဲ့ DNAကိုယူပီး ခေါတ်မှီတဲ့ နည်းပညာတွေနဲ့ အကြမ်းဆုံး ဓားသမားတစ်ယောက်ကို မွေးထုတ်ခဲ့တယ်၊ သူ့နာမည်က saber။ သူဓားနဲ့ အချိန်၊ နေရာတွေ စိတ်ကြိုက်သွားလို့ရအောင် စီမံနိုင်တယ်။ သူ့ ဓားရေးကြောင့် သူနဲ့ ယှဉ်ပြိုင်နိုင်သူ မရှိဘဲ၊ တစ်ယောက်ထဲ ဖြစ်နေခဲ့တယ်။ နောက်ဆုံး သူနဲ့ယှဉ်ပြိုင်နိုင်သူတွေက land of dawn မှာရှိတယ်ဆိုတာ ကြားလို့ ၊ အဲ့ဒီကို့ ခရီးထွက်ခဲ့တယ်။
#Passive
တစ်ချက်ခုတ်တိုင်း Armor 5 နုတ်ပေးမှာပါ
နှစ်ချက်ဆိုတစ်ဆယ်
ဆယ်ချက်အထိ Effect ဝင်တော့ 5*10= 50 armor အထိနုတ်ပေးနိုင်ပါတယ်
5s ကြာပါတယ်
#Skill_1
ဘေးမှာဓါးပျံ၎ခုထုတ်လိုက်တာပါ
ဒီဓါးပျံတွေဟာ Hero ရဲ့ ဘေးနားမှာလည်နေမှာပါ
160*Physical damage ထိပါတယ်
ဒီ Skill က မကုန်ခင်မှာ Skill 2 သုံးခဲ့ရင်တော့ဓါးပျံတွေဟာရုတ်သိမ်းသွားမှာပါ
#Skill_2
ကိုယ်သွားချင်တဲ့နေရာကိုဓါးနဲ့ပြေးထိုးလိုက်တာပါ
80*Physical damage ကို လမ်းတစ်လျောက်ထိစေမှာပါ
#Skill_4
Single target ability ပါ
target ဆီပြေးသွားပြီးသုံးချက်လေပေါ်မှာခုတ်ပြီးတိုက်မှာပါ တစ်ချက်ကို 220*Physical damage ထိပြီး သုံးချက်ဆိုရင် 660* physical damage ထိပါတယ်
#Battle_Spell
Retribution-Jungle သမားအတွက်ပါ ဒီ Spell ကို Remodel လုပ်လိုက်ပြီးနောက်ပိုင်းမှာ Jungle အတွက်သာမက Hero ကိုသုံးရင် အဲ့ Hero ကိုနှေးစေပါတယ် 30s cooldown ဆိုတော့ ခဏခဏသုံးလို့ရတာမို့အသုံးဝင်ပါတယ်
Execute- သေခါနီးမမှီတော့ရင်သုံးဖို့ပါ အစပိုင်းတော့တော်တော်အသုံးဝင်ပါတယ်
Purify- ဟိုဘက်က Stun/Disable တွေရှောင်ဖို့ပါ
#Combo_Spell
Skill 1+Skill 2+ Skill 4
Skill 4+Skill 1+Skill 2
#Item(Team buff play style)
Hunter strike- 100 physical attack နဲ့ 20% cooldown လျော့ပေးပါတယ်
Hero တစ်ကောင် Kill ပြီးတိုင်းနှစ်စက္ကန့်ကြာ Movement speed 30% တိုးပေးမှာပါ
Magic shoes-10% cooldown လျော့ပေးပါတယ်
Dominance ice- 500 mana+ 70 armor + critical ထိနိုင်ချေ ငါးရာခိုင်နှုန်းလျော့ချမှာပေါင်းပေးပါတယ် 20% cooldown လျော့ချပေးပြီး အနီးအနားက Hero ကို Movement speed 5% နဲ့ Attack speed 30% လျော့ပေးထားမှာပါ
Magic blade- 60 physical attack နဲ့ 24 magic damage ခံနိုင်မှုန်းပေါင်းပေးပါတယ်
သွေး 30% အောက်ရောက်ရင် 510~1350 damage စုပ်ယူနိုင်တဲ့ Shield တစ်ခုပတ်ပေးမှာပါ
(စုပ်ယူနိုင်တဲ့ Damage က Hero level အလိုက်တိုးလာမှာပါ)
Bloodthirsty King- 1550 သွေးနဲ့ တစ်စက္ကန့် ၇၅ သွေးတက်နှုန်းပေါင်းပေးပါတယ်
Hero kill or assist လုပ်တိုင်း Hero ရဲ့သွေး 20% ပြန်ပြည့်မှာပါ
Immortality- သွေး 800 နဲ့ 40 magic damage ခံနိုင်နှုန်းပေါင်းပေးပါတယ်
သေပြီး ၂စက္ကန့်အကြာမှာပြန်ရှင်လာမှာပါရှင်ရှင်လာချင်းကနေနောက်သုံးစက္ကန့်မထိ Sheild တစ်ခုပတ်ပေးမှာပါ Shield ဟာ hero သွေးအပြည့်ရဲ့ 40% စုပ်ယူနိုင်မှာပါ သေပြီးရှင်ရင် Hero သွေးအပြည့်ရဲ့ 15% နဲ့ ရှင်လာမှာပါ
#Review
Saber ဟာ Finishing ကောင်းပါတယ် ဒါပေမဲ့ Lower rank မှာ Saber တွေ့တာနဲ့ No saber လို့အော်ကြပါတယ် တစ်ကယ်တော့ Saber ဟာ Assassin hero ပါ Fighter မဟုတ်တဲ့အတွက် ယှဉ်ချဖို့ခက်ပါတယ် Spell ထဲမှာ Damage အထွက်ဆုံးက Ultimate ပါ အဲ့ Spell ဟာ Single target ဖြစ်နေပါတယ် Saber ကိုင်မယ်ဆို battle ကို အဝင်အထွက်ဆော့ရပါမယ် ချက်ချင်းကြီး Dive ပြီး Kill ဖို့မလွယ်ပါဘူး Skill 1 သုံးပြီးသွေးလျော့ပါ သေခါနီးဆို skill 4 သုံးပါ ပြီးရင် Skill 2 နဲ့ Battle ကနေပြန်ထွက်ပါ



Comments
Post a Comment